ပန်းလှိုင်ဆေးရုံ (လှိုင်သာယာ) ကို ၂၀၀၅ ခုနှစ်တွင် Serge Pun ခေါ် ဦးသိန်းဝေမှ ၂၀၀၅ ခုနှစ်တွင် လှိုင်သာယာ မြို့နယ်ပန်းလှိုင်အိမ်ယာအတွင်းရှိ (၅.၅)ဧက ကျယ်ဝန်းသော မြေပေါ်တွင်စတင်တည်ထောင်ခဲ့ပြီး ပြည်သူလူထုအတွက်အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုများကိုပံ့ပိုးပေးခဲ့တာဟာ ၁၉နှစ်တိုင်ခဲ့ပါပြီ။ ပန်းလှိုင်ဆေးရုံ(လှိုင်သာယာ) ဟာ၂၀၁၀ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ISO အသိအမှတ်ပြုလက်မှတ်ရဆေးရုံဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်သြဂုတ်လမှာတော့ ဆေးရုံအရည်အသွေးနဲ့ လူနာဘေးကင်းစေရေး လုပ်ငန်းစဥ်တွေနဲ့ ပတ်သတ်ပြီး အမေရိကန် နိုင်ငံအသိအမှတ်ပြု Joint Commission International Accreditation (JCIA) လက်မှတ် ရရှိခဲ့ပါတယ်။

ပန်းလှိုင်ဆေးရုံ ဟာ Survive, Protect နဲ့ Contribute ဆိုတဲ့ ကတိစကား ၃ခုကို လက်ကိုင်ထားပြီး ကိုဗစ် ဖြစ်ပွားမှုနှုန်းများနေတဲ့ ကာလအတွင်းမှာ လည်း နိုင်ငံတော်အစိုးရနဲ့ အားကစားနဲ့ကျန်းမာရေးဝန်ကြီးဌာနတို့ကို ကူညီနိုင်ရန်အတွက် ဆေးရုံအတွင်းမှာ သီးသန့်အဆောက်အအုံတစ်ခုဖြင့် ကိုဗစ်ရောဂါ စစ်ဆေးပေးခြင်းနဲ့ ကုသပေးခြင်းတို့ကိုပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ၂၀၂၀ခုနှစ်ဒီဇင်ဘာ ၂၄ ရက်ကနေစတင်ပြီး ပန်းလှိုင်ဆေးရုံ (လှိုင်သာယာ)မှာကိုဗစ်-၁၉ ရောဂါကို စစ်ဆေးခြင်း နဲ့ ကုသခြင်းတို့ပြုလုပ်ခဲ့ပါတယ်။ ပြည်တွင်း‌လေကြောင်းခရီးသွား များကိုစစ်ဆေးပေးနိုင်ရန်အတွက် ပန်းလှိုင်ဆေးရုံ (လှိုင်သာယာ)မှာ ကိုဗစ်-၁၉ စစ်ဆေးရေး စင်တာတစ်ခုကို ၂လအတွင်းတည်ဆောက်ခဲ့ပြီး ကိုဗစ် RDT test များစစ်ဆေးပေးခဲ့ပါတယ်။ ကိုဗစ် စစ်ဆေးရေးစင်တာကိုလည်း မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးဗဟိုကော်မတီ မှ သေချာစစ်ဆေးခဲ့ပြီး ခွင့်ပြုပေးခဲ့ပါတယ်။

ကိုဗစ်၁၉-ရောဂါ မဟုတ်သော လူနာများ နှင့် ကိုဗစ်၁၉နှင့်ဆက်စပ်သော လူနာများဘေးကင်းလုံခြုံမှု ရှိစေရန် ဆေးရုံအတွင်း မှာ အဝါရောင်ဇုန်၊ အနီရောင်ဇုန်နှင့် အစိမ်းရောင်ဇုန်များ ခွဲထားပြီး ကုသပေးလျက်ရှိပါတယ်။ ပန်းလှိုင်ဆေးရုံဟာလူနာများ ဘေးကင်းလုံခြုံစေရန်နှင့်ဘယ်အခြေအနေမှာ မဆို လူနာတွေအတွက် အသင့်ရှိနေစ ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။

ဝန်ဆောင်မှုများ

ဆရာဝန်များ