နိုင်ငံတကာလူနာဌာန

ပန်းလှိုင်ဆေးရုံရဲ့ နိုင်ငံတကာလူနာဌာနဟာ အတွေ့အကြုံရှိ ကျန်းမာရေးဝန်ထမ်းများနဲ့ ခေတ်မီစက်ကိရိယာများဖြင့် တစ်ဦးချင်းဆီအလိုက်သီးသန့်ကျန်းမာရေးစောင့်ရှောက်မှုခံယူလိုသော နိုင်ငံတကာကလူနာများအတွက် တစ်နေရာထဲမှာဝန်ဆောင်မှုအပြည့်ပေးနေတဲ့ ဌာနတစ်ခုဖြစ်ပါတယ်။ ပန်းလှိုင်ဆေးရုံမှ ပြင်ပလူဌာနသီးသန့်အတွက် သေချာလေ့ကျင့်ထားသော Coordinator များက ကျန်းမာရေးအာမခံလုပ်ငန်းစဥ်များချောမွေ့အောင်စောင်ရွက်ပေးပြီး လူနာများရဲ့ ဆေးရုံမတက်ခင်၊ ဆေးရုံတက်နေစဥ်နဲ့ဆေးရုံဆင်းတဲ့ အထိ လိုအပ်ချက်များကိုသေချာစောင်ရွက်ပေးလျက်ရှိပါတယ်။

ပြုလုပ်ပေးနေသောဝန်ဆောင်မှုများ

ကျန်းမာရေး အာမခံကိုင်ဆောင်ထားသူများအတွက်

နိုင်ငံတကာနဲ့ ပြည်တွင်းကျန်မာရေးအာမခံများ : အရေးပေါ်(သို့မဟုတ်)ရုတ်တရက် ဆေးရုံတက်ရောက်ဖို့လိုအပ်လာပါက သင့်ရဲ့ ကျန်းမာရေးအာမခံလုပ်ငန်းနဲ့ချိတ်ဆက်ပြီးဆေးရုံတက်ရောက်နိုင်ပါတယ်။ ခရီးသွားအာမခံများ : ပန်းလှိုင်ဆေးရုံဟာ ခရီးသွားအာမခံလုပ်ငန်းများစွာနဲ့တိုက်ရိုက်(သို့မဟုတ်) ၎င်းတို့ရဲ့ ဆေးဘက်ဆိုင်ရာအကူအညီပေးသူများမှတစ်ဆင့် ချိတ်ဆက်ထားပါတယ်။ ကျန်းမာရေးအာမခံ နှင့် ဆေးဘက်ဆိုင်ရာအကူအညီပေးရေး လုပ်ငန်းများ : ပန်းလှိုင်ဆေးရုံနဲ့ တိုက်ရိုက်ချိတ်ဆက် ထားတဲ့လုပ်ငန်းတွေကတော့

"သင့်ရဲ့ ကျန်းမာရေးအာမခံထားတဲ့လုပ်ငန်းနဲ့ ပန်းလှိုင်ဆေးရုံနဲ့ချိတ်ဆက်ထားခြင်းရှိမရှိ သိရှိလိုပါက Insurance ဆိုတဲ့ tab မှာဝင်ရောက်စစ်ဆေးနိုင်သလို နိုင်ငံတကာလူနာဌာန (IPC) ကိုလည်းဆက်သွယ်နိုင်ပါတယ်။ သင်က ပြည်တွင်း (သို့မဟုတ်)နိုင်ငံတကာ ကျန်းမာရေးအာမခံလုပ်ငန်းမှာ လုပ်ကိုင်နေပြီး သင့်ရဲ့ လုပ်ငန်း နဲ့ ပန်းလှိုင်ဆေးရုံနဲ့ချိတ်ဆက်လိုပါကလည်း ကျွန်ုပ်တို့ကို အကြောင်းကြားနိုင်ပါသည်။ "

 

ပန်းလှိုင်ဆေးရုံမှာငွေပေးချေနိုင်သော နည်းလမ်းများ

 

တိုက်ရိုက်ငွေပေးချေခြင်း : တိုက်ရိုက်ငွေပေးချေခြင်းဆိုသည်မှာ သင့်ရဲ့ဆေးကုသစရိတ်ကုန်ကျငွေကို သင့်ရဲ့ ကျန်မာရေးအာမခံထားတဲ့ ကုမ္ပဏီမှ တိုက်ရိုက်ကောက်ခံခြင်းဖြစ်ပါတယ်။ ပန်းလှိုင်ဆေးရုံနဲ့ချိတ်ဆက်ထားသော ကျန်းမာရေးအာမခံ ကုမ္ပဏီ အများစု (အကုန်လုံးမဟုတ်) ကတော့ တိုက်ရိုက်ငွေကောက်ခံခြင်းကိုခွင့်ပြုထားပါတယ်။ တိုက်ရိုက်ကောက်ခံခြင်းခွင့်ပြုမထားပါက ကုန်ကျစရိတ်ကိုသင်ကိုယ်တိုင်အရင်ပေးချေထားရမှာဖြစ်ပါတယ်။ ပြီး မှအာမခံကုမ္ပဏီကနေသင်ကိုယ်တိုင်ပြန်လည်တောင်းခံရမှာဖြစ်ပါတယ်။ ကိုယ်တိုင်ငွေတောင်းခံခြင်း : ပန်းလှိုင်ဆေးရုံ နဲ့တိုက်ရိုက်ချိတ်ဆက်ထားခြင်းမရှိသော ကျန်းမာရေးအာမခံကုမ္ပဏီများမှာ အာမခံထားထားတယ်ဆိုရင်တော့ ကုန်ကျစရိတ်ကို ကိုယ်တိုင်ကြိုတင်ပေးချေရမှာဖြစ်ပြီး ပြီးမှသာသက်ဆိုင်ရာအသက်အာမခံကုမ္ပဏီ မှ ပြန်လည်တောင်းခံရမှာဖြစ်ပါတယ်။

 

Self-Claim: Package များ : ဝန်ဆောင်မှု Package များ (ဥပမာ - ကလေးမွေးဖွားခြင်း package များ) ကို ဝယ်ယူမယ်ဆိုရင်တော့ ကျန်းမာရေးအာမခံကုမ္ပဏီများမှ တိုက်ရိုက်ငွေပေးချေခြင်းကိုပြုလုပ်နိုင်မှာမဟုတ်ပဲ ကိုယ်တိုင်အာမခံကုမ္ပဏီထံ ငွေတောင်းခံခြင်းကိုသာပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Package ဝန်ဆောင်မှုများဟာ အာမခံ အကျုံးဝင်မှု မရှိသောကြောင့်ဖြစ်ပါတယ်။

 

ပိုမိုသိရှိလိုပါက ကျန်းမာရေးအာမခံနဲ့ ပတ်သတ်တဲ့ အချက်အလက်အပြည့်အစုံကို အောက်တွင် Download ပြုလုပ်နိုင်ပါတယ်။