ရန်ကုန်နှင့်မန္တလေးမြို့တွေအပြင် ပြည်သူများအားလုံးလက်လှမ်းမီနိုင်စေရန်ရည် ရွယ်၍ ပန်းလှိုင်ဆေးရုံ(တောင်ကြီး) ကို ၂၀၁၈ခုနှစ်အောက်တိုဘာလတွင်စတင်ဖွင့်လစ်ခဲ့ပြီး နိုင်ငံတဝှမ်းဆေးရုံကွန်ရက်ကိုချဲ့ထွင်ခဲ့ပါတယ်။ ပန်းလှိုင်ဆေးရုံ(တောင်ကြီး) ဟာ စိန်ဆေးရုံနဲ့ဖက်စပ်ဖွင့်လှစ်ထားတာဖြစ်ပြီး Primary ဆေးကုသခြင်းနဲ့ Secondary ဆေးကုသခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိပါတယ်။ စိန်ဆေးရုံ ဟာတောင်ကြီးမြို့တွင်ဆယ်စုနှစ် ၂ခုကျော် ဖွင့်လှစ်ထားပြီးဖြစ်တဲ့ ထိပ်တန်းဆေးရုံတစ်ခု ဖြစ်ပါတယ်။

ကုတင် (၁၀၀) ဆန့်ဆေးရုံ ဖြစ်တဲ့ပန်းလှိုင်ဆေးရုံ တောင်ကြီးတွင် ခွဲစိတ်ကုသမှုများ၊ သွေးစစ်ဆေးခြင်းများ၊ ပုံရိပ်ဖော်ရောဂါရှာဖွေခြင်းများ နဲ့ အထွေထွေဆေးကုသမှုများကိုပြုလုပ်ပေးလျက်ရှိပါတယ်။

ဝန်ဆောင်မှုများ

ဆရာဝန်များ