လူမှုအကျိုးပြု

မြန်မာနိုင်ငံမှာ ထိပ်တန်းပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ ပန်းလှိုင်ဆေးရုံ ဟာလူမှုအကျိုးပြုလုပ်ငန်းတွေကို လည်းပြုလုပ်နေပါတယ်။ ပန်းလှိုင်ရဲ့ ကျန်းမာရေးစောင့်‌ရှောက်မှု လုပ်ငန်းမှအသားတင်အမြတ်ငွေ ၂ % ကို ကျန်းမာရေးစောင့်ရှောက်မှု အလှမ်းဝေးတဲ့ လူထု အတွက်ပြန်လည်သုံးစွဲပေးလျက်ရှိပါတယ်။ ပန်းလှိုင်ရဲ့ လူထုအတွက်ကျန်းမာရေးရည်မှန်းချက်ဟာ ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ နဲ့ ကိုက်ညီမှုရှိပါတယ်။

၃။ ကျန်းမာရေးလုပ်ငန်းစဥ်များ

ပန်းလှိုင်ဆေးရုံမှာရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ လူနာကုတင်တွေထဲမှာမှ ၃၆ ကုတင်ကို အခြေခံလူတန်းစား တွေအတွက် ပြင်ဆင်ပေးထားပြီး ထိုလူနာများအတွက် ကျွမ်းကျင်ပညာရှင်များရဲ့ လုပ်အားခ ၃၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ လည်းလျော့ချပေးထားပါတယ်။ မွေးကင်းစကလေးသေဆုံးနှုန်း လျော့ချရန်နဲ့ ဝက်သက်၊ပါးချိတ်ရောင်နဲ့ ဂျိုက်သိုးရောဂါ ဖြစ်ပွားနှုန်းတို့ ကိုလျော့ချရန် အတွက် ကျန်းမာရေး အသိပညာပေးခြင်းအား အဓိကထားပြုလုပ်လျက်ရှိပါတယ်။
ဖေဖော်ဝါရီ 2020

၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁၁ရက်နေ့မှာ ပန်းလှိုင်ဆေးရုံရဲ့ လူမှုအကျိုးပြုလုပ်ငန်း အဖွဲ့ ဟာ ကုလားကြီးစုကျေးရွာမှာ ကိုရိုနာရောဂါဖြစ်ပွားနေသူ ၆၄ယောက် ကို ကုသပေးနိုင်ခဲ့ပါတယ်။

ဇန်နဝါရီလ 2020

၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ၁ရက်နေ့မှာလည်း ပန်းလှိုင်ဆေးရုံရဲ့ လူမှုအကျိုးပြုလုပ်ငန်း အဖွဲ့ ဟာ ကုလားကြီးစုကျေးရွာမှာ ကိုရိုနာရောဂါဖြစ်ပွားနေသူ ၃၅ယောက် ကို ကုသပေးခဲ့ပြီး ကျန်းမာရေးအသိပညာပေးခြင်းကိုလည်းပြုလုပ်ပေးခဲ့ပါတယ်။

ဖေဖော်ဝါရီ 2020

၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁၁ရက်နေ့မှာ ပန်းလှိုင်ဆေးရုံရဲ့ လူမှုအကျိုးပြုလုပ်ငန်း အဖွဲ့ ဟာ ကုလားကြီးစုကျေးရွာမှာ ကိုရိုနာရောဂါဖြစ်ပွားနေသူ ၆၄ယောက် ကို ကုသပေးနိုင်ခဲ့ပါတယ်။

၄။ အဆင့်မြင့် ပညာရေး စနစ်

ပန်းလှိုင်ဆေးရုံဟာ အားလုံးပါဝင်နိုင်ပြီး သာတူညီမျှရှိတဲ့ ပညာရေးအပြင် တစ်သက်တာလုံး သင်ယူလေ့လာနိုင်ခွင့် ရတဲ့ အခွင့်အရေးတွေကို ဖန်တီးပေးလျက် ရှိပါတယ်။ ဒီလိုပြုလုပ်ပေးနိုင်တာကြောင့်လည်း ပန်းလှိုင်ဆေးရုံမှာမတူကွဲပြားခြင်းကို ချပြနိုင်ခဲ့ပြီး ဝန်ထမ်းတွေ ရဲ့တိုးတက်မှုကိုလည်းပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတဝန်းမှာရှိတဲ့ အစိုးရနဲ့ ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ အစည်းများအတွက် လူနာဘေးကင်း‌စေရေး ဆွေးနွေးပွဲများကို ဦးဆောင်လုပ်ကိုင်ခဲ့ပါတယ်။

အသက်မွေးဝမ်းကျောင်းသင်တန်း ၊ Gap Kids အစီအစဥ်၊ Agriculture 101 အစီအစဥ်နဲ့ အ‌ရေးပေါ် ကယ်ဆယ်‌ရေး သင်တန်းများ

၈။ ကောင်းမွန်သောအလုပ်နဲ့စီးပွားရေးတိုးတက်မှုများ

လူမှုအကျိုးပြု ပါတနာ ဖြစ်တဲ့ Step-In-Step-Up အဖွဲ့ အစည်းနဲ့ ပန်းလှိုင်ဆေးရုံရဲ့ Customer Care အဖွဲ့ နဲ့ House Keeping အဖွဲ့တို့ ပူးပေါင်းပြီးအကူအညီလိုအပ်သောကလေးသူငယ်များနဲ့ လူငယ်များကို အသေးမွေးဝမ်းကျောင်း သင်တန်းများသင်ကြားပေးလျက်ရှိပါတယ်။ အလုပ်အကိုင်ကနေ တစ်ဆင့်လည်း သင်တန်းများဆက်လက်ပို့ချပေးပြီး တခြားသော ဝန်ထမ်းများကိုလည်း သင်တန်းများပြုလုပ်ပေးလျက်ရှိပါတယ်။

"ကျွန်တော်တို့ဟာ ကောင်းတာတွေလုပ်ပြနေတာမဟုတ်ပါဘူး။ တကယ်ကောင်းဖို့အတွက်လုပ်ဆောင်နေတာပါ။"

ဒီကလေးလေးဟာ ရှမ်းပြည်မြောက်ပိုင်း ခေးခင်းရွာကနေ လာခဲ့တာပါ။ အသက် ၂ရက်သားအရွယ်မှာ အမေ့လက်ထဲမှာအတက်ရောဂါခံစားနေရတုန်း တိုက်ပွဲဖြစ်ပွားကာ တိုက်ပွဲအတွင်းကျည်သင့်ခဲ့ပါတယ်။
At the age of 2 days, he fell into open fire from his mother’s arms during epileptic attack.

 

ဒီအဖြစ်အပျက်နောက်ပိုင်းမှာ သူ့ရဲ့ ဘဝကပိုမိုခက်ခဲခဲ့ပါတယ်။

ဒီမတော်တဆမှု ပြီးပြီးချင်းမှာပဲ သူ့ရဲ့ ရွာမှာပဲ ရိုးရာတိုင်းရင်းဆေးနဲ့ကုသခံခဲ့ရပါတယ်။ တစ်လလောက်ကြာပြီးတဲ့အခါမှာတော့ သူ့ကို မန္တလေးပြည်သူ့ ဆေးရုံကြီးကို ခေါ်ဆောင်လာခဲ့ပါတယ်။

"မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု"

အဲ့ဒီနောက်မှာတော့ မောင်မိုးကျော်လေးဟာ ပန်းလှိုင်ဆေးရုံကို ရောက်လာခဲ့ပြီး ပြန်လည်တည်ဆောက်ရေးနှင့်အလှအပဆိုင်ရာခွဲစိတ်ပါရဂူကြီး ပါမောက္ခ Roberto Roddi နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဆရာကြီး ရဲ့ ခွဲစိတ်မှု အတွေ့အကြုံတွေကြောင့် မောင်မိုးကျော်လေးဟာ သူ့ရဲ့ဘဝမှာပထမဆုံး မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု ရခဲ့ပါတယ်။

၂၀၁၇ ခုနှစ်, နိုဝင်ဘာလ ၊ မောင်မိုးကျော်ရဲ့ ၅ ကြိမ်မြောက် ခွဲစိတ်မှုအပြီး

ကျည်ဆံကြောင့် သူ့ရဲ့ မျက်လုံးကိုဆုံးရှုံးခဲ့ရတဲ့အပြင် နှာခေါင်းနဲ့ပါးစပ်ရဲ့ ပုံပန်းသဏ္ဌာန်လည်း ပျက်စီးခဲ့ရပါတယ်။ မောင်မိုးကျော်လို သန်မာတဲ့ကလေးလေးတစ်ယောက်အတွက်တောင်မှသူ့ရဲ့ ဘဝကမလွယ်ကူခဲ့ပါဘူး။
လွန်ခဲ့တဲ့ ၃နှစ်အတွင်းမှာ ခွဲစိတ်မှုပေါင်းများစွာ ပြုလုပ်ခဲ့ရပါတယ်။ ပထမဆုံး သူရဲ့ ပါးနဲ့ ပါးစပ်ကို ပန်းလှိုင်ဆေးရုံမှာ ခွဲစိတ်ခဲ့ပြီး အစာစားနိုင်အောင်နဲ့ စကားကောင်းကောင်းပြောနိုင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ ပြီးတဲ့ နောက်မှာ တော့ မျက်လုံးနဲ့ နှာခေါင်းကိုခွဲစိတ်ပေးခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ သူ့ရဲ့အခြေအနေပိုမိုတိုးတက်လာခဲ့ပါတယ်။
၂၀၁၉ခုနှစ် ဂျူလိုင်လ မှာတော့မောင်မိုးကျော်လေးဟာသူ့ရဲ့ အဖွား၊အမေနဲ့ ရွာကဆရာတော်တို့နဲ့ အတူပန်းလှိုင်ဆေးရုံကို အလည် ပြန်ရောက်လာခဲ့ပါတယ်။ သူ့ ရဲ့အဖွား က ဝမ်းသာမျက်ရည်တွေနဲ့အတူ သူ့မြေးလေး ကောင်းကောင်းစကားပြောပြီး စားနိုင်နေပြီ ဆိုတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။
ဒါကကျွန်တော်တို့အတွက် အောင်မြင်မှုတစ်ခု ပါပဲ။ ဆေးရုံနာမည်ကြီးတဲ့ အောင်မြင် မှုကို ဆိုလိုတာမဟုတ်ပဲ မိသားစုတစ်ခုကို ပျော်ရွှင်အောင်လုပ်ပေးနိုင်ခဲ့တဲ့ အောင်မြင်မှူတစ်ခုပါ။ သူတို့ မိသားစုရဲ့ မျှော်လင့်ချက် ရောင်ခြည်လေးသန်းအောင် လုပ်ပေးနိုငခဲ့ တဲ့ ပန်းလှိုင်ဆေးရုံဂုဏ်ယူနိုင်ခဲ့ တဲ့ အောင်မြင်မှုတစ်ခုပါပဲ။

ဆက်သွားရမဲ့ ခရီးပန်းတိုင်

သူ့ရဲ့ ဆက်သွားရမဲ့ ဘဝခရီးကရှည်လျားတဲ့အပြင် လွယ်ကူမှာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လက်လျှော့လိုက်မှာတော့မဟုတ်ပါဘူး။ ပန်းလှိုင်ဆေးရုံကနေ မောင်မိုးကျော်နဲ့ သူ့မိသားစုတို့ကို စိတ်ရင်းစေတနာအမှန်နဲ့ ကူညီပေးနေသူတွေနဲ့ ပူးပေါင်းပြီး ရှေ့ဆက် အကူအညီပေးနေဦးမှာပါ။

PHH CSR Clinic

On March 27, 2024, the PHH CSR team provided care for 20 children at Pun Hlaing Hospitals (Hlaing Tharyar).

PHH CSR Clinic

In April 2024, the PHH CSR team provided care for children under 14 years old at Pun Hlaing Hospitals – Hlaing Tharyar.