Share this post

မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ၂၀၂၀ခုနှစ်ဒီဇင်ဘာ ၂၄ ရက်ကနေစတင်ပြီး ပန်းလှိုင်ဆေးရုံ (လှိုင်သာယာ)မှာကိုဗစ်-၁၉ ရောဂါကို စစ်ဆေးခြင်း နဲ့ ကုသခြင်းတို့ပြုလုပ်ခဲ့ပါတယ်။ ပြည်တွင်း‌လေကြောင်းခရီးသွား များကိုစစ်ဆေးပေးနိုင်ရန်အတွက် ပန်းလှိုင်ဆေးရုံ (လှိုင်သာယာ)မှာ ကိုဗစ်-၁၉ စစ်ဆေးရေး စင်တာတစ်ခုကို ၂လအတွင်းတည်ဆောက်ခဲ့ပြီး ကိုဗစ် RDT test များစစ်ဆေးပေးခဲ့ပါတယ်။ ကိုဗစ် စစ်ဆေးရေးစင်တာကိုလည်း မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးဗဟိုကော်မတီ မှ သေချာစစ်ဆေးခဲ့ပြီး ခွင့်ပြုပေးခဲ့ပါတယ်။

ကိုဗစ်၁၉-ရောဂါ မဟုတ်သော လူနာများ နှင့် ကိုဗစ်၁၉နှင့်ဆက်စပ်သော လူနာများဘေးကင်းလုံခြုံမှု ရှိစေရန် ဆေးရုံအတွင်း မှာ အဝါရောင်ဇုန်၊ အနီရောင်ဇုန်နှင့် အစိမ်းရောင်ဇုန်များ ခွဲထားပြီး ကုသပေးလျက်ရှိပါတယ်။ ပန်းလှိုင်ဆေးရုံဟာလူနာများ ဘေးကင်းလုံခြုံစေရန်နှင့်ဘယ်အခြေအနေမှာ မဆို လူနာတွေအတွက် အသင့်ရှိနေစ ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။