ပန်းလှိုင်ဆေးရုံ (မန္တလေး)ဟာ ဆေးတက္ကသိုလ်(မန္တလေး) အနီး မန္တလေးမြို့ အလယ်ခေါင်တွင်တည်ရှိပါတယ်။ ပန်းလှိုင်ဆေးရုံ(မန္တလေး) တွင်အချိန်ပြည့်အထူးကုဆရာဝန်များ နှင့်ရန်ကုန်မှလာရောက်သောအထူးကုဆရာဝန်များ ပေါင်းစည်းကာ ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိပါသည်။၊ ပန်းလှိုင်ဆေးရုံ(မန္တလေး)ဟာ ၇၅ ကုတင်ဆန့် ဆေးရုံတစ်ခုဖြစ်ပြီး ပြည်သူ့ဆေးရုံ(မန္တလေး) နှင့်ဆေးတက္ကသိုလ် (မန္တလေး) အနီးတွင်တည်ရှိပါတယ်။ ပန်းလှိုင်ဆေးရုံ(မန္တလေး) တွင် အထွေထွေရောဂါဆေးကုသမှုများပြုလုပ်ပေးခြင်း၊ အထွေအထွေ ခွဲစိတ်မှုများပြုလုပ်ပေးခြင်း၊ ကလေးနှင့်ပတ်သတ်သောရောဂါများကုသနိုင်ခြင်း၊ သားဖွားမီးယပ်ရောဂါများကုသနိုင်ခြင်း၊ အထူးကြပ်မတ်ကုသဆောင်တွင်ကုသပေးခြင်း၊ အရိုးအထူးကုသပေးခြင်း၊ ကျောရိုးခွဲစိတ်ခြင်း၊ မေ့ဆေးဌာနရှိခြင်း၊ ကင်ဆာရောဂါကုသပေးခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ကုသပေးခြင်း၊ ကျောရိုးခွဲစိတ်ပေးခြင်း၊ ကျောက်ကပ်ရောဂါကုသပေးခြင်း၊ နှလုံးရောဂါကုသပေးခြင်းနှင့် ရောဂါဗေဒဆိုင်ရာဆရာဝန်ကြီးများမှ ရောဂါရှာဖွေ ခြင်းတို့ကို ပြုလုပ်လျက်ရှိတဲ့အပြင် ၂၄ နာရီ ၇ရက်ပတ်လုံး အရေးပေါ် ကျန်းမာရေးဝန်ဆောင်မှုတွေကို လည်း ပေးနေပါတယ်။ ဒါ့အပြင် နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းတွင်သွေးစစ်ဆေးပေးခြင်း၊ ပုံရိပ်ဖော်ရောဂါရှာဖွေရေးဌာနတွင်ရောဂါရှာဖွေပေးခြင်း၊ ကင်ဆာဆေးသွင်းပေးခြင်း နှင့် ပြန်လည်သန်းစွမ်းရေးလေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းတို့ကို ပြုလုပ်ပေးနေပါတယ်။

ဝန်ဆောင်မှုများ

ဆရာဝန်များ

Clinical Director ( ICU & Acute care)
Anaesthesiology Department
Pathologist (Prof. & Head)
Radiology Department
Professor (OG)
Obstetrics & Gynaecology Department
Consultant O&G Specialist
Obstetrics & Gynaecology Department