FAQ for COVID-19 Vaccination

The type of Vaccine is Sinopharm which is manufactured from Beijing Institute of Biological Products (BIBP). Require 1st and 2nd doses for each person with 21 days to 28 days apart. 1st & 2nd Doses are available to purchase and register at Pun Hlaing Hospitals (Hlaing Tharyar, Mandalay, Taunggyi), Pun Hlaing Clinics (Taw Win, Thanlyin Star City) & Pun Hlaing COVID-19 Vaccine Centre (Hlaing Tharyar Dulwich) with MMK 70,000 (cash payment only).   To purchase and register online, please visit [ https://www.punhlainghospitals.com/covid-19-vaccination/] and pay with WAVEPAY at MMK 70,000. You may also choose to pay with Kpay, Cbpay, 2C2P (MPU, Visa) for online Vaccine voucher purchases with MMK 70,000 plus a transaction fee of MMK 3,000.

Beijing Institute of Biological Products (BIBP) မှ ထုတ်လုပ်ထားသော Sinopharm ကာကွယ်ဆေး အမျိုးအစားဖြစ်ပါသည်။ အများပြည်သူတစ်ဦးတစ်ယောက်ချင်းစီအတွက် ကာကွယ်ဆေး အကြိမ်ရေ တစ်ကြိမ်နှင့် တစ်ကြိမ် ၂၁ရက်မှ ၂၈ ရက် ခြား၍ ထိုးရပါမည်။ ပန်းလှိုင်ဆေးရုံ (လှိုင်သာယာ၊ မန္တလေး၊ တောင်ကြီး)၊ ပန်းလှိုင်ဆေးခန်း (တော်ဝင်၊ သန်လျင် ကြယ်စင်အိမ်ရာ)၊ နှင့်  ပန်းလှိုင် COVID-19 ကာကွယ်ဆေးစင်တာ (လှိုင်သာယာ Dulwich) တို့တွင် သွားရောက်ဝယ်ယူ၍ ငွေသားဖြင့် ပေးချေသော် နှစ်ကြိမ်စာအတွက် ဈေးနှုန်းမှာ မြန်မာကျပ် ၇၀,၀၀၀ ဖြစ်ပါသည်။  ပန်းလှိုင်ဆေးရုံ ဝက်ဘ်ဆိုက် [ https://www.punhlainghospitals.com/covid-19-vaccination/] တွင် အွန်လိုင်းမှတဆင့် ဝယ်ယူရာတွင် Wavepay ဖြင့် ငွေပေးချေသော် မြန်မာကျပ် ၇၀,၀၀၀ ဖြစ်ပါသည်။ 2C2P (MPU, Visa, Kpay, CBpay) တို့ဖြင့်ပေးချေသော် မြန်မာကျပ် ၇၀,၀၀၀ ကျပ် နှင့် အွန်လိုင်းမှ လွှဲခ မြန်မာကျပ် ၃,၀၀၀ ဖြစ်ပါသည်။ 
Yes, Booster Shot/ 3rd Dose program is available. You must complete two doses of Sinopharm. The best is to get your 3rd Dose between four months to six months after two doses. Under 18 years of age are not allowed for 3rd Dose. Under permission from Ministry of Health, Pregnant women and lactating mothers are allowed for 3rd Dose.

Booster Shot/3rd Dose အတွက် အစီအစဉ်ရှိပါသည်။ Sinopharm ကာကွယ်ဆေး (၂) ကြိမ်ထိုးထားပြီးသူများဖြစ်ရပါမည်။ (၂) ကြိမ်ထိုးပြီး နောက် (၄) လ မှ (၆) လခြားလျှင် ထိုးနှံနိုင်ပသည်။ အသက် (၁၈) နှစ်အောက်များ ထိုးနှံခွင့်မပြုပါ။ ကျန်းမာရေးဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင်များ ထိုးနှံနိုင်ပါသည်။
Yes, approved by WHO since 7 May 2021 as well as Emergency Use Authorization (EUA) approved as well.
၂၀၂၁ ခုနှစ်၊ မေလ (၇) ရက်နေ့မှစတင်၍ WHO မှ အရေးပေါ်သုံးခွင့်ပြုချက် (EUA) အသိအမှတ်ပြုထားပါသည်။

Yes, the Vaccine we are bringing into Myanmar are locally approve by MOH and FDA. One and only available vaccine in Myanmar currently (Private Sector) for now

ကျန်းမာရေးဦးစီးဌာန (MOH) နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)  အသိအမှတ်ပြုဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ လက်ရှိတစ်ခုတည်းသော ခွင့်ပြုချက် ရရှိထားသည့် ပုဂ္ဂလိကဆေးရုံဖြစ်ပါသည်။

Our vaccines are stored and deliver to locations between 2-to-8-degree Celsius in Temperature. We are tracking the consistency of the cold chain status every hour to ensure the safety protocols are met.

COVID-19 ကာကွယ်ဆေးများကို အပူချိန် ၂ မှ ၈ ဒီဂရီ စင်တီဂရိတ်အတွင်း သိုလှောင်ထားပါသည်။ ပိုမိုစိတ်ချလုံခြုံစေရန် နှင့် Cold Chain နှင့်အညီရှိနေစေရန် နာရီနှင့်အမျှ လေ့လာစောင့်ကြည့်ပါသည်။

The booking vouchers are available to purchase

  1. Pun Hlaing Hospitals and Clinics (HTY, TWC, MDY, TGY)
  2. Pun Hlaing COVID-19 Vaccine Centres (HTY Dulwich)
  3. Online at our Pun Hlaing website at https://www.punhlainghospitals.com/covid-19-vaccination/


ပန်းလှိုင်ဆေးရုံ (လှိုင်သာယာ၊ မန္တလေး၊ တောင်ကြီး) နှင့် ပန်းလှိုင်ဆေးခန်း-တော်ဝင် နှင့် ပန်းလှိုင် COVID-19 ကာကွယ်ဆေးစင်တာ (လှိုင်သာယာ Dulwich)  တို့တွင် သွားရောက်ဝယ်ယူနိုင်ပါသည်။ ဒါ့အပြင် ပန်းလှိုင်ဆေးရုံ ဝက်ဘ်ဆိုက် [ https://www.punhlainghospitals.com/covid-19-vaccination/] တွင် အွန်လိုင်းမှတဆင့် ဝယ်ယူနိုင်ပါသည်။

Payment options are flexible as, you can choose to pay by cash over the counter or digital payment through WavePay,KBZPay,CBPay, MPU, Visa, Master cards.

လက်ငင်းငွေသားဖြင့်သော်လည်းကောင်း၊ အွန်လိုင်းငွေပေးချေမှုများ WavePay, KBZPay, CBPay, MPU, Visa, Master cards တို့မှသော်လည်းကောင်း အဆင်ပြေလွယ်ကူစွာ ပေးချေနိုင်ပါသည်။
Inoculation can be done at MOH and FDA approved Pun Hlaing Vaccines Centre at Yangon – Dulwich Collage Hlaing Tharyar, Thanlyin Star City, Mandalay and Taunggyi.  

ကျန်းမာရေးဦးစီးဌာန (MOH) နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အသိအမှတ်ပြုထားရုံသာမက မြန်မာတစ်နိုင်ငံလုံး၌ တည်ရှိပြီး ရန်ကုန်၌ ပန်းလှိုင်ဆေးရုံ-လှိုင်သာယာဘေးရှိ Dulwich College၊ ပန်းလှိုင်ဆေးခန်း (သန်လျင် ကြယ်စင်အိမ်ရာ)၊ မန္တလေး နှင့် တောင်ကြီးတို့တွင် ကာကွယ်ဆေးထိုးနှံနိုင်ပါသည်။ 

By using the Booking Code from Vaccine Vouchers, self-registration can be done on the Pun Hlaing website through https://www.punhlainghospitals.com/covid-19-vaccination/. Please make sure to read the terms and conditions prior to Booking. Do fill in the details in Myanmar language as per your NRIC.

ဝယ်ယူထားသည့် ဘောက်ချာထဲရှိ ဘိုကင်ကုတ် ကိုအသုံးပြု၍ ပန်းလှိုင်ဆေးရုံ ဝက်ဘ်ဆိုက် [ https://www.punhlainghospitals.com/covid-19-vaccination/ ] မှ မိမိကိုယ်တိုင် စာရင်းပေးသွင်းနိုင်ပါသည်။ ဘိုကင်မပြုလုပ်မီ စည်းကမ်းသတ်မှတ်ချက်များအား သေချာစွာ ဖတ်ရှုပါ။ မှတ်ပုံတင်အတိုင်း မြန်မာဘာသာဖြင့်သာ ဖြည့်စွက်ရပါမည်။

Yes, you can reschedule the process only ONE TIME in the system. Please re-visit https://www.punhlainghospitals.com/covid-19-vaccination/ to make changes.

ဖော်ပြပါ ပန်းလှိုင်ဆေးရုံ ဝက်ဘ်ဆိုက် [ https://www.punhlainghospitals.com/covid-19-vaccination/ ] သို့သွားရောက်၍ တစ်ကြိမ်သာ ပြန်လည်ပြင်ဆင်ခွင့်ရှိပါသည်။
Please contact our Call Centre 01 23 99 222 between 8 am to 5 pm with your Booking Code
မိမိ၏ဘိုကင်ကုတ်နှင့်အတူ ဖုန်းခေါ်ဆိုမှုစင်တာ ၀၁ ၂၃ ၉၉ ၂၂၂ သို့ မနက် ၈ နာရီမှ ၅ နာရီ အတွင်းဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
Yes, you are allowed to replace the person one time by calling our Call Centre 01 23 99 222 between 8am to 5pm with your Booking Code and personal details. We allow for Booking code that 1st Dose is not completed.

မိမိ၏ဘိုကင်ကုတ်နှင့်အတူ ဖုန်းခေါ်ဆိုမှုစင်တာ ၀၁ ၂၃ ၉၉ ၂၂၂ သို့ မနက် ၈ နာရီမှ ၅နာရီအတွင်း ဆက်သွယ်ဆောင်ရွက်၍ တစ်ကြိမ်သာ ပြောင်းလဲနိုင်ပါသည်။ ပထမအကြိမ်ဆေးထိုးထားခြင်းမရှိသည့် ဘိုကင်ကုတ်ကိုသာခွင့်ပြုပါသည်။
Yes, PHH will provide a document to track your 1st does and 2nd does. A certificate shall be provided upon completion of 2nd dose which is in line with Ministry of Health guidelines.

ပန်းလှိုင်ဆေးရုံမှ လူကြီးမင်း၏ ကာကွယ်ဆေးထိုးခြင်း ပထမ အကြိမ် နှင့် ဒုတိယအကြိမ် မှတ်တမ်းပါဝင်သော အသိအမှတ်ပြုလက်မှတ်အား ကျန်းမာရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဒုတိယအကြိမ်ထိုးနှံပြီးချိန်တွင် ပေးအပ်သွားမှာ ဖြစ်ပါသည်။
Best is to monitor your reaction to the vaccine and make sure you don’t experience any severe side effects for the next 30 minutes. Upon this, you may decide to take bath and shower accordingly. You may also consult with our TeleHealth at 01 22 99 222 if in doubt.

COVID-19 ကာကွယ်ဆေးထိုးပြီးနောက် မိနစ် (၃၀) မျှ ကျန်းမာရေးအခြေအနေအား စောင့်ကြည့်စစ်ဆေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ပြီးနောက် ရေချိုးနိုင်ပါသည်။ ကျန်းမာရေးအခြေအနေများကြောင့် မသေချာ မရေရာမှုများ ဖြစ်ပေါ်နေပါက ပန်းလှိုင်ဆေးရုံ၏ TeleHealth ၀၁ ၂၃ ၉၉ ၂၂၂ သို့ဆက်သွယ်၍ တိုင်ပင်၊ ဆွေးနွေးနိုင်ပါသည်။
Our suggestion is to avoid taking alcohol and cigarettes after vaccination for 48 hours. You may also consult with our TeleHealth at 01 22 99 222 if in doubt.

COVID-19 ကာကွယ်ဆေးထိုးပြီး ၄၈ နာရီလောက် ဆေးလိပ်၊ အရက် ရှောင်ကြဉ်သင့်ပါသည်။ ကျန်းမာရေးအခြေအနေများကြောင့် မသေချာ မရေရာမှုများ ဖြစ်ပေါ်နေပါက ပန်းလှိုင်ဆေးရုံ၏ TeleHealth ၀၁ ၂၃ ၉၉ ၂၂၂ သို့ဆက်သွယ်၍ တိုင်ပင်၊ ဆွေးနွေးနိုင်ပါသည်။
Please consult with our TeleHealth on 01 22 99 222 for more details about your eligibility and recommendations.

ပန်းလှိုင်ဆေးရုံ၏ TeleHealth ၀၁ ၂၃ ၉၉ ၂၂၂ သို့ဆက်သွယ်၍ တိုင်ပင်၊ ဆွေးနွေးနိုင်ပါသည်။
You must complete two doses of the same vaccine product to get the most protection and C-19 vaccines are not interchangeable. Best is to get your second dose between 21 days to 28 days.

လုံလောက်သော ကာကွယ်မှုရရှိနိုင်ရန် တူညီသော COVID-19 ကာကွယ်ဆေးအား (၂) ကြိမ် ပြည့်မီအောင် ထိုးရပါမည်။ ပထမတစ်ကြိမ်ပြီးနောက် ၂၁ ရက်မှ ၂၈ ရက်ခြား၍ ဒုတိယအကြိမ်ထိုးနှံနိုင်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။
Please consult with your Specialists or feel free to reach out to our TeleHealth at 01 23 99 222 for more information.
မိမိပြသနေကြ အထူးကု (သို့) ပန်းလှိုင်ဆေးရုံ၏ TeleHealth ၀၁ ၂၃ ၉၉ ၂၂၂ သို့ဆက်သွယ်၍ တိုင်ပင်၊ ဆွေးနွေးနိုင်ပါသည်။
Our suggestion is to eat a healthy and well balance diet but feel free to reach out to our TeleHealth at 01 23 99 222 for further details.
အာဟာရ သင့်တင့်မျှတစွာ စားသောက်ဖို့ အကြံပေးလိုပါသည်။ ပန်းလှိုင်ဆေးရုံ၏ TeleHealth ၀၁ ၂၃ ၉၉ ၂၂၂ သို့ဆက်သွယ်၍လည်း တိုင်ပင်၊ ဆွေးနွေးနိုင်ပါသည်။
You must complete two doses of the same vaccine product to get the most protection and C-19 vaccines are not interchangeable.

လုံလောက်သော ကာကွယ်မှုရရှိနိုင်ရန် တူညီသော COVID-19 ကာကွယ်ဆေးအား (၂) ကြိမ် ပြည့်မီအောင် ထိုးရပါမည်။ COVID-19 ကာကွယ်ဆေးများသည် လဲလှယ်အစားထိုး၍မရပါ။
C-19 vaccine does not protect against the Flu, and other diseases. It is recommended to wait at least 14 days between a dose of seasonal flu vaccine, other vaccines and a dose of C-19 vaccine. In doubt, you may contact our TeleHealth at 01 23 99 222.

ရာသီတုပ်ကွေး ကာကွယ်ဆေး (သို့) အခြားသော ကာကွယ်ဆေးများ နှင့် COVID-19 ထိုးနှံခြင်းအား ၁၄ ရက် ခြား၍ ထိုးနှံသင့်ကြောင်း အကြံပြုလိုပါသည်။ ပန်းလှိုင်ဆေးရုံ၏ TeleHealth ၀၁ ၂၃ ၉၉ ၂၂၂ သို့ဆက်သွယ်၍လည်း တိုင်ပင်၊ ဆွေးနွေးနိုင်ပါသည်။
Yes, there is absolutely no implications for taking C-19 vaccine during the period.
ဓမ္မတာလာနေချိန်အတွင်း COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ပါသည်။