Share this post

Date : 4 Feb 2022

Breast Cancer
– Breast self-examination (စာနှင့်ဗီဒီယို)
– အမျိုးသမီးတိုင်း အသက်(၂၀) နှစ်မှ အစပြု၍ မိမိရင်သား မိမိ (၁) လ (၁) ကြိမ် ပုံမှန်ကြည့်ရှုစမ်းသပ်ပါ။
– ရင်သား ဓာတ်မှန်ပုံမှန်စစ်ဆေးခြင်းသည် ရင်သားကင်ဆာကို အစောဆုံးတွေ့ရှိနိုင်သည်။
– ရင်သားကင်ဆာကို စောစီးစွာတွေ့ရှိလျှင် အောင်မြင်စွာကုသ ပျောက်ကင်းပါသည်။

Oral Cancer
– ကွမ်းမစားပါနှင့်။ ဆေးရွက်ကြီးမငုံပါနှင့်။
– ခံတွင်းအတွင်း အဖြုကွက်၊ အနီကွက်များဖြစ်နေခြင်း၊ အနာအလွယ်တကူမကျက်ခြင်း၊ အဖုအကျိတ်ရှိနေပါက အချိန်မှီခံတွင်းစစ်ဆေးကုသမှုခံယူပါ။
– ကြိုတင်စစ်ဆေးကုသမှုခံယူပါက ကင်ဆာအဆင့် မရောက်နိုင်ပါ။

Colorectal Cancer
– မိသားစုတွင် အူလမ်းကြောင်းအသားပို၊ ကင်ဆာဖြစ်ဖူးသူရှိပါက ဆရာဝန်နှင့် တိုင်ပင်၍ ဝမ်းနှင့် အူလမ်းကြောင်း ကြိုတင်စစ်ဆေးမှုခံယူပါ။
– အသက်(၄၅) နှစ်ထက်မည်သူမဆို ဆရာဝန်နှင့် တိုင်ပင်၍ ဝမ်းနှင့် အူလမ်းကြောင်း ပုံမှန်စစ်ဆေးမှုခံယူပါ။
– ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ ရွေးချယ်စားသုံးခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အရက်နှင့် ဆေးလိပ်ရှောင်ခြင်းသည် အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာရောဂါဖြစ်ခြင်းကို လျှော့ချနိုင်သည်။

Liver Cancer
– အရက်အလွန်အကျွံမသောက်ပါနှင့်။
– အသည်းရောင်ဘီပိုး/စီပိုး ကာကွယ်ပါ။
– မလိုအပ်ပဲ ဆေး၊ ဆေးမှင်ကြောင်မထိုးပါနှင့်။
– အသည်းရောင်ဘီပိုးကာကွယ်ဆေးထိုးနံပါ။

Cervical Cancer
– သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပါ။
– အသက်(၃၀)နှစ်မှ (၆၅)နှစ်ကြား အိမ်ထောင်ရှိ အမျိုးသမီးများ၊ လိင်ဆက်ဆံဖူးသူ အမျိုးသမီးများသည် (၃) နှစ်လျှင် (၁) ကြိမ် သားအိမ်ခေါင်းစစ်ဆေးမှု ပုံမှန်ခံယူပါ။
– မိမိသော်လည်းကောင်း၊ မိမိ၏ခင်ပွန်းသော်လည်းကောင်း လိင်အင်္ဂါတွင် ကြွက်နို့ပေါက်ခြင်းသည် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်နိုင်ချေပိုများစေသည်။

To Reduce Cancer Risk
– ဘဝတစ်လျှောက် ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းပါ။ အဝမလွန်ပါစေနှင့်။
– ကျန်းမာရေးနှင့် ညီညွတ်မျှတစွာ စားသောက်ပါ။
– ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။
– စိတ်ဖိစီးမှုလျော့ချပါ။
– ကျန်းမာ ပျော်ရွှင်စွာနေထိုင်ပါ။